lifestyle

Skincare Type ၅ ချက်

အခုအချိန်မှာ ငွေက လင်ထက်တောင် ရှားတဲ့အချိန်ဆိုတော့ ငွေယိုပေါက်တွေ ပိတ်ဖို့လိုလာတာပေါ့နော်

အဲ့တော့ Skin Care တဲ့နေရာမှာ ငွေယိုပေါက်ဖြစ်စေတဲ့ Skin Care အမျိုးအစားလေးတွေအကြောင်း မင်မင်ရေးပေးလိုက်ပါ့မယ်

ဆိုလိုတာက ငွေသုံးသလောက် တန်အောင်ပြန်မရနိုင်မယ့်၊ မရှိလည်း ဖြစ်တဲ့ အပို Skin Care အမျိုးအစားလေးတွေပေါ့လေ…တတိယ ဘီးလုံး Skin Care လေးတွေပေါ့…

၁ – အကြောပြတ်ရာပျောက်စေသော လိမ်းဆေးများ

အကြောပြတ်ရာတွေဆိုတာ အချစ်ဦးနဲ့ ရခဲ့တဲ့ ဒဏ်ရာတွေလိုပါပဲ…

မှေးမှိန်ချင်…မှေးမှိန်သွားမယ်…ဒါပေမယ့် တစ်သက်စာ လုံးဝပျောက်သွားမှာမဟုတ်တဲ့ အမှတ်တရတွေပေါ့ကွယ်

အကြောပြတ်ရာပျောက်တဲ့ လိမ်းဆေးတွေဆိုတာ သိပ်ပြီးအားကိုးလို့မရပါဘူး

လေဆာပစ်တာ…Micro-needling လုပ်တာမျိုးတွေတောင်မှ အကြောပြတ်ရာကို အတိုင်းအတာတစ်ခုထိလောက်ပဲ သက်သာစေပါတယ်အရှင်းပျောက်လေ့မရှိကြပါဘူး

လိမ်းဆေးတွေကတော့ ပြောမနေပါနဲ့တော့…

အကြောပြတ်ရာတွေကို Tattoo အနေနဲ့ မှတ်ယူလို့ရပါတယ်

၂ – ကော်လဂျင်ခရင်

ကော်လဂျင်ဆိုတာ အရေပြားတည်ဆောက်တဲ့ အုတ်တစ်မျိုးလို့မှတ်ပါ

တိုက်တွေဆောက်ပြီးသွားရင် တိုက်နံရံအပေါက်ပေါ်မှာ အုတ်ခဲလေးတင်ရုံနဲ့ အဲ့ဒီတိုက်နံရံပြန်မပြည့်သွားပါဘူး

မျက်နှာကို ကော်လဂျင်လိမ်းတယ်ဆိုတာလည်း အုတ်နံရံအပေါက်ပေါ်မှာ အုတ်ခဲလာတင်သလိုပါပဲ

အရေပြားက ကော်လဂျင်ပရိုတင်းရဖို့ ခန္ဓာကိုယ်က အမိုင်နိုအက်စစ်တွေကို ပရိုတင်းတွေပြောင်းပြီး ထုတ်ပေးပါတယ်

အပြင်ကနေလက်ခံလေ့မရှိပါဘူး…ပရိုတင်းလိုအပ်တဲ့နေရာကို ပရိုတင်းပို့ချင်ရင် ပါးစပ်နဲ့ စားတဲ့နည်းက စိတ်အချရဆုံးပါပဲ…

Gym သမားတွေ ပရိုတင်းသောက်သလိုပါပဲ…
Gym သမားတွေ ကြွက်သားတက်ဖို့ ပရိုတင်းတွေ မလိမ်းကြပါဘူး

ကော်လဂျင်ပရိုတင်းတွေဟာ မော်လီကျူးအရွယ်အစား အလွန်ကြီးမားတာကြောင့် မျက်နှာအရေပြားကို ဖောက်ဝင်ဖို့ ခက်ခဲပါတယ်…

ကော်လဂျင်အမှန်တကယ်ရစေတာက ကိုယ်တိုင်က ကော်လဂျင်မဟုတ်တဲ့ Vitamin C, AHA နဲ့ Retinol ပါတာတွေပါ

၃ – မျက်နှာဖြန်းဆေးများ (Face Mist)

မျက်နှာပေါ် Skin Care သေချာလိမ်းတာတောင် မဝင်တချက်…ဝင်တချက်ဖြစ်နေတာကို ဖြန်းဆေးနဲ့ ဖြန်းမယ်ဆိုရင်တော့ လေထဲတင်ပျောက်သွားမှာပါ

တချို့ Skin Care တွေက Spray ဘူးပုံစံလာတတ်ပေမယ့်…လက်ထဲညှစ်ထည့်ဖို့…ကော်တွန် Pad ထဲညှစ်ထည့်ဖို့ ရည်ရွယ်ချက်နဲ့ လာကြတာပါ

၄ – မျက်နှာသစ်တဲ့ ဘရက် နဲ့ စက်များ

မျက်နှာသစ်တဲ့ စက်တို့ Brush တို့က Exfoliation ရည်ရွယ်ချက်နဲ့ သုံးတာပါပဲ

ဆဲလ်အဟောင်းဖယ်ရှားတဲ့ Exfoliation နေရာမှာ AHA တို့လို့ အက်စစ်တွေသုံးတဲ့ Chemical Exfoliation နည်းတွေက အကောင်းဆုံးနဲ့

ဘေးထွက်ဆိုးကျိုးအနည်းဆုံးလို့ မင်မင်ထင်ပါတယ်

မျက်နှာသစ်စက်တွေကတော့ အပိုဖြစ်နိုင်ပြီး တစ်ခါတစ်လေမှာ ဆိုးကျိုးတောင် ဖြစ်တတ်ပါတယ်

၅ – ကပ်ပြီးခွာရတဲ့ Peel-off Mask တွေနဲ့ Facial Scrub များ

သူတို့တွေလည်း Physical Exfoliation အမျိုးအစားပါပဲ

Chemical Exfoliation တွေနဲ့ မတူတာက အကောင်းအဆိုးမခွဲခြားပဲ မရှင်းဂန်းပစ်သလို ဆဲလ်အစုတ်ကော…

အကောင်းကော ဖယ်ရှားသွားကြတဲ့အခါ မျက်နှာပျက်စီးကြပါတယ်

မင်မင်အမြင်မှာကတော့ Peel Mask တို့…Facial Scrub တို့ဟာ ကောင်းကျိုးထက်…ဆိုးကျိုးပိုများနိုင်တယ်လို့ ပြောချင်ပါတယ်

သူတို့တွေကြောင့် Skin Barrier ပျက်စီးပြီး စမ်းစမ်းတင့် Skin ဖြစ်သွားတဲ့သူတွေလည်း အများကြီးပါပဲ…

ဒီနေ့တော့ ၅မျိုးလောက်နဲ့ပဲ ကျေနပ်လိုက်အုန်းနော်

ဟုန်…ပိပါပိ…ကျေးဇူး

Phyo

Magique Huaer Skincare Available On KAISHION

Leave a Reply

Your email address will not be published. Required fields are marked *

Home
Account
Cart
Search