Month: August 2022

lifestyle

Skincare Type ၅ ချက်

အခုအချိန်မှာ ငွေက လင်ထက်တောင် ရှားတဲ့အချိန်ဆိုတော့ ငွေယိုပေါက်တွေ ပိတ်ဖို့လိုလာတာပေါ့နော် အဲ့တော့ Skin Care တဲ့နေရာမှာ ငွေယိုပေါက်ဖြစ်စေတဲ့ Skin Care အမျိုးအစားလေးတွေအကြောင်း မင်မင်ရေးပေးလိုက်ပါ့မယ် ဆိုလိုတာက ငွေသုံးသလောက် တန်အောင်ပြန်မရနိုင်မယ့်၊ မရှိလည်း ဖြစ်တဲ့ အပို Skin Care အမျိုးအစားလေးတွေပေါ့လေ…တတိယ ဘီးလုံး Skin Care လေးတွေပေါ့… ၁ – အကြောပြတ်ရာပျောက်စေသော လိမ်းဆေးများ အကြောပြတ်ရာတွေဆိုတာ အချစ်ဦးနဲ့ ရခဲ့တဲ့ ဒဏ်ရာတွေလိုပါပဲ… မှေးမှိန်ချင်…မှေးမှိန်သွားမယ်…ဒါပေမယ့် တစ်သက်စာ လုံးဝပျောက်သွားမှာမဟုတ်တဲ့ အမှတ်တရတွေပေါ့ကွယ် အကြောပြတ်ရာပျောက်တဲ့ လိမ်းဆေးတွေဆိုတာ သိပ်ပြီးအားကိုးလို့မရပါဘူး လေဆာပစ်တာ…Micro-needling လုပ်တာမျိုးတွေတောင်မှ အကြောပြတ်ရာကို အတိုင်းအတာတစ်ခုထိလောက်ပဲ သက်သာစေပါတယ်အရှင်းပျောက်လေ့မရှိကြပါဘူး လိမ်းဆေးတွေကတော့ ပြောမနေပါနဲ့တော့… အကြောပြတ်ရာတွေကို Tattoo အနေနဲ့ မှတ်ယူလို့ရပါတယ် ၂[...]
Read more
Home
Account
Cart
Search